ချင်း၊ ကချင်၊ ရှမ်းမြောက်ကလွဲလို့ ကျန်ဒေသများ နေ့ပူ၊ ညချမ်းနေဦးမည်..

27/12/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီဇင်ဘာလ ၃၁ ရက်နေ့က စ ပြီး ညအပူချိန်တွေ ဆက်လက်ကျဆင်းလာမှာဖြစ်ပေမဲ့ နေ့အပူချိန်နဲ့ ညအပူချိန်ကွာခြားချက်က ၈ °C မှ ၁၀ °C လောက်အထိကွာခြားနေတာတွေ့ရပါတယ်။

နေ့အပူချိန်တွေက ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ ကျဆင်းပြီး နေ့ဘက်မှာပါ ဆက်လက်အေးနေနိုင်ပေမဲ့ ကျန်ပြည်နယ်နဲ့တိုင်းဒေသတွေမှာတော့ နေ့ပူ/ညချမ်း အပူချိန်ကွာခြားမှုကို ဆက်လက်ခံစားနေရပါဦးမယ်။

ချင်းပြည်နယ် မတူပီနဲ့ ဟားခါးမြို့နယ်တွေမှာ အခုလာမဲ့သောကြာ(ဒီဇင်ဘာ-၂၉ ရက်)နေ့ကစပြီး အနိမ့်ဆုံးအပူချိန် ၀ °C မှ ၄ °C အထိ ကျဆင်းနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ ကွတ်ခိုင်ဒေသအထက်ပိုင်းမှာတော့၂ °C မှ ၄ °Cအထိ အနိမ့်ဆုံးအပူချိန်များ ကျဆင်းနေနိုင်တာကို တွေ့ရပါတယ်။

ကချင်ပြည်နယ်မြောက်ဖျား၊ ပူတာအိုမြို့အထက်ပိုင်းက ရေခဲတောင်ဒေသတွေမှာတော့ အနှုတ် ၄ °C မှ အနှုတ် ၂၂ °C အထိကျဆင်းကာ ဆီးနှင်းများကျပြီး ရေခဲတွေဖုံးလွှမ်းနေတဲ့ တောင်ထိပ်တွေ ဖြစ်နေပါမယ်။

မြောက်အရပ်မှ လေအေးစီးကြောင်းတွေ ဆက်လက်ဝင်ရောက် တိုက်ခတ်နေဦးမှာမို့ တစ်နိုင်ငံလုံးမှာ ဒီဇင်ဘာလကုန် ၂၀၂၃  ခုနှစ်မှ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယအတွင်း ဇန်နဝါရီလ ပထမပတ်ထဲရောက်သည်အထိ ညအပူချိန်များ ဆက်လက်ကျဆင်းနေနိုင်ဦးမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်