ဘင်္ဂလားပင်လယ်အော်ထဲကိုရောက်လာတော့မယ့် လေပွေလှိုင်းကြောင့် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်

28/09/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အိန္ဒိယမိုးလေဝသဌာန(IMD) က - ထရိုပိုစဖီးယားလေထုလွှာအလယ်(၆ ကီလိုမီတာခန့်) အမြင့်ဖြစ်နေတဲ့ အထက်လေဝဲ(လေပွေလှိုင်း)က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းအပေါ်မှာဖြစ်နေကြောင်း၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာပြီး အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

Windy ရဲ့ ဒီနေ့မွန်းလွဲပိုင်း update အရ -

  • လေပွေလှိုင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအပေါ်တွေအထိရှိနေပြီး စက်တင်ဘာ ၂၉ ရက် နံနက် ၁ နာရီလောက်မှာ သံတွဲမြို့ပေါ်ကဖြတ်ပြီးတော့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ရောက်ရှိမှာဖြစ်ကြောင်း။
  • နောက် ၃ ရက်အတွင်း တစ်နိုင်ငံလုံးမှာ မိုးဆက်လက်ရွာနေမှာဖြစ်ကြောင်း။
  • တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးများနိုင်ကြောင်းစသည်ဖြင့် သုံးသပ်ခန့်မှန်းထားပါတယ်။

ဒီလိုအခြေအနေတွေဟာ ရန်ကုန်မြစ်ရေ ဒီတက်မယ့်အချိန်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် မိုးများတဲ့အခါ ရေကြီးရေလျှံဖြစ်နိုင်တာမို့ မြစ်ချောင်းကမ်းနားအနိမ့်ပိုင်းနေရာတွေ သတိထားကြစေချင်ပါတယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်