တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်

25/12/2021 10:30 AM တွင် AMIA AMIA မှ ရေးသား

(၂၀.၁၂.၂၀၂၁) မှ (၂၄.၁၂.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၂ သိန်းထိဈေးကျဆင်းသွားခဲ့ပေမယ့် တင်ပို့မှုကို လာမယ့်မတ်လအထိ တိုးမြင့်လိုက်တဲ့အတွက် ဈေးက အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်လ မှာ မတ်ပဲအသစ်တွေ ဈေးကွက်ထဲ ဆက်တိုက်ထွက်လာတော့မှာဖြစ်လို့ အဟောင်းတွေကို ထုတ်ရောင်းနေမှုကြောင့် ပဲဈေးက ပြန်ကျဆင်းသွားပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း မြန်မာ့မတ်ပဲဈေးတွေက သုံးပတ်ဆက်တိုက်ကျဆင်းနေတယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲအသစ်တွေဝင်တော့မှာဖြစ်လို့ ဈေးတွေကကျဆင်းနေပေမယ့် ပြီးခဲ့တဲ့လက အပျက်အစီးတွေရှိနေလို့ ပဲရှားပါးနိုင်တဲ့အခြေအနေကြောင့် ထိန်းဝယ်ယူမှုတွေက ပဲဈေးက ဆိုးဝါးစွာမကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၂ သိန်း ထိဈေးကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၉ သောင်းနီးပါးဈေးကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်း ၅ သောင်းနီးပါး ပြန်တက်လာခဲ့ပြီး လက်ရှိ တစ်တန်ကို ၁၂ သိန်း ၅ သောင်း ပေါက်ဈေးရှိနေပါတယ်။

မန္တလေး ဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၁၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၈၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉၅၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်သာကျဆင်းပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကလည်း အဝယ်နည်းသလို ပြည်တွင်းမှာလည်း အသစ်တွေဝင်လာပြီဖြစ်လို့ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၁ သိန်းပေါက်ဈေးရှိနေပြီး တစ်တန်ကို ၂ သောင်းကျော်ဈေး ကျဆင်းသွားခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ အသစ်တွေ ဈေးကွက်ထဲဝင်နေပြီး တစ်အိတ်ကို ၇၈၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးကကျဆင်းပါတယ်။ ဆက်တိုက်ဈေးထွက်ရှိနေလို့ ပဲဈေးတွေက ကျဆင်းနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)က ၂၃၃၀ ကနေ ၂၄၂၀ ကျပ်ပေါက်ဈေးရှိပြီး ၈၀ ကျပ် ၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ ၂၅၀၀ ကနေ ၂၅၈၅ ပေါက်ဈေးရှိပြီး ၈၅ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၀၀၀၀ အထိပေါက်ဈေးရှိနေပြီး ၈၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ကနေ ၃၈၅၀၀  ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၃၅၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲပုပ်

ပဲပုပ်ကတော့ ပြီးခဲ့တဲ့ အပတ်ကလောက်အထိ ဈေးကကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ် ပြန်တက်လာပါတယ်။ ဆီထုတ်လုပ်မှုအတွက် အဝယ်သွက်နေလို့ ဈေးကတက်နေတယ်လို့ လည်း သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက် မှာတော့ ပဲပုတ်(ရှမ်း)က သုံးတင်းဝင် တစ်အိတ်ကို ၆၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေး တက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေး တက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်