မျိုးစေ့၊ သီးနှံစေ့၊ မျိုးကောင်းမျိုးသန့်ဆိုတာ ဘာလဲ?

28/01/2019 17:00 PM တွင် အောင်မြင့်မြတ်(GW) အောင်မြင့်မြတ်(GW) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးစေ့

စိုက်ပျိုးရန်ရည်ရွယ်ပြီး မျိုးစေ့အလိုက်သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့်ကိုက်ညီပြီး မူလသီးနှံ၏ မူလ မျိုးရိုးဗီဇ ထပ်တူထပ်မျှရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်ထားတဲ့ အစေ့ဖြစ်ပါတယ်။

သီးနှံစေ့

စားသုံးရန်ရည်ရွယ်ပြီး စိုက်ပျိုး/တောင်သူမိရိုးဖလာနည်းနဲ့စိုက်လို့ရတဲ့  သီးနှံဖြစ်ပါတယ်။

မျိုးစေ့မှာ အဆင့်(၄)မျိုးရှိပါတယ်။

၁။ Breeder Seed (မိဘမျိုးစေ့)

၂။ Foundation Seed (ဆင့်ပွားမျိုးစေ့)

၃။ Registered Seed (မှတ်ပုံတင်/မျိုးသန့်မျိုးပွားမျိုးစေ့)

၄။ Certified Seed (စီးပွားဖြစ်မျိုးသန့်မျိုးစေ့)

မျိုးကောင်းမျိုးသန့်ဆိုတာဘာလဲ?

မျိုးကောင်းပြီဆိုတာနဲ့ အရည်အသွေး/အထွက်နှုန်းကောကောင်းသွားပြီလား?

မျိုးသန့်ပြီဆိုတာနဲ့ အရည်အသွေး/အထွက်နှုန်းကောကောင်းသွားပြီလား?

မျိုးကောင်းဆိုတာ - အထွက်နှုန်း၊ အရည်အသွေး၊ စားသုံးမှုအရသာကောင်း၊ ဓာတ်မြေသြဇာတုန့်ပြန်နိုင် စွမ်း ကောင်း၊ ပိုးမွှားရောဂါနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်၊ နေရာဒေသမရွေးဖြစ်ထွန်း၊ အလင်းရောင်တုန့်ပြန်မှုနည်း၊ အချိန်းမရွေးစိုက်ပျိုးနိုင်၊ အသက်လျင်၍ သီးထပ်စိုက်ပျိုးနိုင်ပြီး တာရှည်စွာသိုလှောင်နိုင်တာကို မျိုးကောင်းလို့ သတ်မှတ်နိုင်ပါတယ်။

မျိုးသန့်ဆိုတာ - ဗီဇသဘောအရ အရည်အသွေးမှန်၊ သန့်စင်မှုရာခိုင်နှုန်းမြင့်မား၊ မျိုးကွဲပါဝင်မှုမရှိ၊ အပင်ဖြစ် ထွန်းမှုကောင်း၊ အပင်အရပ်ညီ၊ ပန်းပွင့်ရက်ညီ၊ အပင်ပုံစံတူ၊ အစေ့ပုံစံလက္ခဏာ တူညီမှုရှိ၊ ပေါင်းမြက်ကင်းစင်၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်မှုရှိတဲ့အတွက် ရောင်းချရာတွင်လည်း စျေးကောင်းရနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မျိုးကောင်းရုံနဲ့လည်း မပြီးသလို မျိုးသန့်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလိုပဲ မျိုးသန့်ဖို့ တစ်ခု တည်းနဲ့ မရသလို မျိုးကောင်းဖို့လည်းလိုပါတယ်။

 တောင်သူဦးကြီးများအနေဖြင့်လည်း မျိုးကောင်းမျိုးသန့်ဆိုတာကို တိကျသေချာစွာရွေးချယ်နိုင်ကြပါစေ.....

Aung Myint Myat

(May to Sept/2018 – YAU Internship အတွေ့အကြုံကို ရေသားဖော်ပြလိုက်ပါတယ်)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်