မြန်မာ့လျှော်ဖြူ တစ်နေ့လျှင်(၈)တန်ကျော်တင်ပို့နေ

21/10/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာ့လျှော်ဖြူကို ပြည်ပနိုင်ငံစျေးကွက်များကို တစ်နေ့လျှင် (၈) တန်ကျော် တင်ပို့နေရတာဖြစ်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

   ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ယိုးဒယားကို မြန်မာ့လျှော်ဖြူ တစ်နေ့လျှင်(၈)တန်ကျော်တင်ပို့နေရပြီး အခြားပြည်ပနိုင်ငံများကိုလည်း တင်ပို့နေရတယ်လို့ မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။

   “လျှော်ဖြူကို တရုတ်နဲ့ ယိုးဒယားကို အဓိကတင်ပို့နေရတာပါ။ အခြားပြည်ပစျေးကွက်တွေကိုလည်း တင်ပို့နေရတာတွေရှိပါတယ်။ ဒီကနေ တစ်နေ့ (၈) တန်လောက်တော့ တင်ပို့နေရတယ်။ စျေးကွက်ကတော့ ငြိမ်နေပါတယ်”

   မြန်မာ့လျှော်ဖြူကို ဂျပန်နိုင်ငံစျေးကွက်ကိုလည်း တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

   မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး မလေးရှား၊ ကိုရီးယားနဲ့ယိုးဒယားနိုင်ငံများကိုလည်း တင်ပို့နေကြောင်း သိရပါတယ်။

   လျှော်ဖြူထိပ်စတစ်ပိဿာ၂၅၀၀၀ ကျပ် သာရရှိနေကြောင်းလည်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်